Tuesday, 3 January 2012

Next Video Converter....


youtube မှာ video, music နဲ့ တခြား နည်းပညာ files လေးတွေ အများကြီးရှိပါတယ်...
တခါတလေ အဲဒီ files တချို့ကို youtube ကနေ download လုပ်ပြီး သိမ်းထားချင်တဲ့အခါမျိုးမှာ ဒီ freeware လေးက တော်တော်လေးကို အသုံးဝင်ပါတယ်...

တချို့ downloader တွေက avi format အနေနဲ့သာ download လုပ်နိုင်တာမို့ ကိုယ်လိုချင်တဲ့ format ရဖို့ နောက်တဆင့် ပြန်ပြောင်းပေးရတာမျိုးတွေ ရှိပါတယ်...
ဒီ Freeware လေးကတော့ support လုပ်တဲ့ format တွေက avi, wav, wmv, mp3, mpeg...စသဖြင့် တော်တော်များတာကြောင့် သုံးရတာ အဆင်ပြေပါတယ်...
ပထမဆုံး Next Video Converter ဆိုတဲ့ Freeware လေးကို
ဒီနေရာမှာ download လုပ်ယူပြီး install လုပ်လိုက်ပါ...
ပြီးရင် ဒီပုံမှာ မြင်ရသလို "YouTube Download" ဆိုတဲ့ button လေးကိုနှိပ်ပြီး ကိုယ် download လုပ်ချင်တဲ့ url link (http://www.youtube.com/watch?v=HvIJypyrXmw) ကို ထည့်ပေးရမှာ ဖြစ်ပါတယ်...


download လုပ်နေတာကို ခဏစောင့်ပြီးရင် ဒီမှာမြင်ရသလို ဘယ်လို file အမျိုးအစားနဲ့ save ချင်လဲဆိုတာကို မေးတဲ့ dialog box တစ်ခု မြင်ရမှာဖြစ်ပါတယ်...

အဲဒီမှာ ကိုယ်လိုချင်တဲ့ format ကိုရွေးပေးလိုက်ပါ...
ကိုယ် download လုပ်ထားတဲ့ file ကို preview ကြည့်လို့လဲ ရပါတယ်..
File ကို save လုပ်မဲ့ destination folder ကိုလဲ ပြောင်းချင်ရင်ပြောင်းပေးလို့ ရပါတယ်..
ပြီးရင်တော့ ဒီပုံမှာမြင်ရသလို Start button ကို နှိပ်လိုက်ရုံပါပဲ...


နောက်တစ်ခုက ဒီ Next Video Converter ကို
ကိုယ့်မှာရှိတဲ့ Movie file ကို format တစ်ခုကနေနောက်တစ်ခုကို ပြောင်းဖို့ အတွက်လည်း သုံးလို့ရပါတယ်...
"Add Movie" button ကိုနှိပ်ပြီး ပြောင်းချင်တဲ့ Movie File ကို browse လုပ်ပါ...
ပြီးရင် အပေါ်မှာပြောခဲ့သလိုပဲ ကိုယ်လိုချင်တဲ့ format ကိုရွေးပေးလိုက်ရုံပါပဲ...

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...