တစ်ခါတစ်လေ... internet မှာလျှောက်ကြည့်ရင်း ကိုယ်က အဲဒီ files လေးကိုလိုချင်..ဒါပေမယ့် download ကပေးမထားနဲ့ ကြုံဖူးကြမှာပါ..
အဲဒီအခါမျိုးမှာ ဒီ Orbit downloader လေးက တော်တော်အသုံးဝင်ပါတယ်...
သုံးကြည့်ချင်ရင် ပထမဆုံး ဒီနေရာမှာ download လုပ်ယူပြီး install လုပ်လိုက်ပါ...
နောက်ပြီးရင် ကိုယ်လိုချင်တဲ့ files ကို catch လုပ်ဖို့ grab++ ကို On ပေးဖို့လိုပါတယ်..
(Installation Setting မှာ Run At Startup လုပ်ထားရင်တော့ အမြဲတမ်း On ပေးစရာမလိုပါဘူး...)
ပုံမှာပြထားသလို Tool-> Grab++ ကို click လုပ်လိုက်ပါ...

ဒါဆိုရင် Grab++ မှာသူ catch လုပ်ထားတဲ့ files တွေကို အခုလိုတွေ့ရမှာပါ...
(တကယ်လို့ ကိုယ်ရချင်တဲ့ file ကိုမတွေ့ရဘူးဆိုရင် အဲဒီ webpage ကို refresh လုပ်ပေးလိုက်ပါ...)
ကိုယ်ရချင်တဲ့ file type ပေါ်မူတည်ပြီး display မှာရွေးကြည့်လို့ရပါတယ်...
ဒါက Flash(swf) files လေးတွေပါ...

ဒါက Music files လေးတွေပါ..
(သူက Music နဲ့ Video files တွေကို flv files အနေနဲ့ပဲ save လုပ်ပေးနိုင်ပါတယ်....)

အဲဒီမှာ...ကိုယ်လိုချင်တဲ့ files ကို select မှတ်ပြီး download ကို click လိုက်ရုံပါပဲ...
No comments:
Post a Comment