Sunday, 27 May 2012

premium account မှမလိုဘဲ download ယူနိုင်တဲ့ MiPony 1.6.3 Portable ...

အခုဆိုရင် အင်တာနက်မှာ ဆော့ဝဲလ်တစ်ခုကို download ယူမယ်ဆိုရင် premium account တွေနဲ့  အသုံးပြုရတာဖြစ်နေတဲ့အတွက် တချို့ သောဆော့ဝဲလ်တွေ ကို စိတ်ချမ်းသာစွာအေးအေးဆေးဆေး ( free ) ယူလို့ မရပါဘူး။ဒီလို premium account ထည့်သုံးရတဲ့ hosting site ပေါင်း များစွာရဲ့  premium account တွေကို ထည့်ပေးစရာမလိုဘဲ အဆင်ပြေချောမွေ့ စွာ download ရယူနိုင်မှာဖြစ်ပါတယ်. အသုံးပြုနည်းကို အောက်မှာ အရှင်းလင်းဆုံးဖြစ်အောင် ဖေါ်ပြပေးထားပါတယ်.

 
* ဒီဆော့ဝဲလ်ကို အသုံးပြုပြီး Download ယူမယ်ဆိုရင် ဒီ MiPony 1.6.3 Portable လေးကိုဖွင့်လိုက်ပြီး အပေါ်ပုံထဲက နံပါတ် ( ၁ ) မှာဝိုင်းထားတဲ့ Add Links ကို click ထားပါ။
* မိမိdownload ယူချင်တဲ့ မည်သည့် premium account နဲ့ ယူရတာဘဲဖြစ်ဖြစ် ၊ free download ရယူနိုင်တာ ဘဲဖြစ်ဖြစ် ၎င်း download link ကို copy ကူးလိုက်တာနဲ့ ဒီဆော့ဝဲလ်လေးထဲကို  နံပါတ် ( ၂ ) မှာဝိုင်းထားတဲ့ အတိုင်း မူရင်း download link ရောက်လာပါလိမ့်မယ်. 
* နံပါတ် ( ၃ ) မှာဝိုင်းထားတဲ့ Paste and detect links ကို click ပေးလိုက်ပါ။
* နံပါတ် ( ၄ ) မှာဝိုင်းထားတာကတော့ မည်သည့်  premium account တွေမှ ထည့်သွင်းစရာမလိုဘဲ download ရယူနိုင်တဲ့ Link ကိုရရှိမှာဖြစ်ပါတယ်.အခုကျနော်အပေါ်ပုံမှာ ပြထားတာကတော့  premium account ရှိမှသာ download ရယူနိုင်မှာဖြစ်တဲ့ extabit.com site မှ 1.1 GB ရှိတဲ့  software တစ်ခုကို download ယူနေတာဖြစ်ပါတယ်.( အပေါ်ပုံ - )
ပြီးရင် download ယူပါတော့မယ် .အပေါ်မှာပြထားပေးထဲ့ပုံလေးအတိုင်း download link ပေါ်မှာ Right Click/Download ကိုClick ပေးလိုက်ရင်မိမိတို့ premium account တွေကို ခက်ခက်ခဲခဲ နဲ့ ရှာဖွေနေစရာမ လိုတော့ဘဲ အလွယ်တကူ download ယူနိုင်ကြမှာဖြစ်ပါတယ်။ ( အပေါ်ပုံ - )
* နံပါတ် ( ၅ ) မှာဝိုင်းထားတာကတော့မိမိတို့ ရဲ့ download ယူပြီးသွားတဲ့ file တွေကို သိမ်းထား တဲ့ နေ ရာ ဖြစ်ပါတယ်. ( အပေါ်ပုံ - )
* နံပါတ် ( ၆ ) မှာဝိုင်းထားတာကတော့ ဒီဆော့ဝဲလ်လေးကို အခြား ပြင်ဆင်မှု့  များပြုလုပ်ချင်ကြတဲ့ မိတ်ဆွေများအတွက် options နေရာဖြစ်ပါတယ်။ ( အပေါ်ပုံ - )
* အခြား အသုံးပြုနိုင်တဲ့ file တွေကိုပေါင်းပေးတဲ့  join files ၊ မိမိ screen ကို ဓါတ်ပုံရိုက်လို့ ရတဲ့ capture  စတာတွေလဲ ရှိပါသေးတယ်. ကိုယ်တိုင်အသုံးပြုရင်ပိုမိုပြီးသိနားလည် လာပါလိမ့်မယ်.
အသုံးပြုချင်တဲ့မိတ်ဆွေများအောက်မှာ download ယူနိုင်ပါတယ်...

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...