Tuesday 31 January 2012

Mobile Application တွေကို လွယ်ကူစွာ ကိုယ်တိုင်တီထွင်ကြရအောင်..

  ဒီလိုလုပ်ဖို့ဘာကုဒ်တွေဘာတွေမှတတ်ထားဖို့မလိုပါဘူး . . .။ ၀ါသနာရှင်လေးများအတွက်ရည်ရွယ်ပါတယ် . . .။ iPhone,iPod,iPad နဲ့ Android ထိတွေ့မျက်နှာပြင်ဖုန်းတွေအတွက် Application လေးကို ကိုယ်တိုင်တီထွင်ကြရမှာပဲဖြစ်ပါတယ် . . .။            နမူနာအနေနဲ့ ကျွန်တော်လုပ်ထားတဲ့ Application လေးကိုဒေါင်းကြည့်လိုက်ပါဦးဗျာ . . .။ လူမှုရေးကွန်ရက်တွေ စုစည်းထားတဲ့ Apps ပါ။
Right Click ထောက်ကာ Save Link As ကိုနှိပ်ပြီးဒေါင်းပါရန်
             ကိုယ်တိုင်လုပ်ကြည့်ချင်တယ်ဆိုရင်တော့ ပထမဆုံး www.buzztouch.com ဆိုဒ်ကိုအရင်ဝင်ပါ။ ပြီးရင်တော့ Register လုပ်လိုက်ပါ။ အဲ . .တစ်ခုသတိပေးချင်တာကတော့ Register လုပ်တဲ့အခါမှာ ကိုယ်က ကုတ်တွေကို နားမလည်ဘူးဆိုရင် I hate code ကိုရွေးခဲ့လိုက်ပါခင်ဗျာ . . .။
Application အကန့်အသတ်မရှိ အခမဲ့လုပ်နိုင်တဲ့ဆိုဒ်လေးဖြစ်တာမို့ သွားရောက်လေ့လာကြည့်ကြဖို့ပြောချင်ပါတယ်။ တကယ်လို့ကိုယ့် Application နာမည်ကြီးခဲ့ရင်လည်း ရောင်းစားပြီး စီးပွားရှာလို့ရတာပေါ့ဗျာ . . . ။

မှတ်ချက်။  ။ Android Version 5.0.1 အတွက်နှင့် Apple Ios ဖုန်းများအတွက်သာ Apps များဖန်တီးနိုင်ပါသည် . .

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...