Sunday, 8 January 2012

flash Drive ,Pen Drive တွေက ဗိုင်းရပ် မကူးရအောင်...

ဗိုင်းရပ် အများစု ဟာ Removeable Drive တွေ ဖြစ်တဲ့ Flash ,Pen Drive တွေကနေ အများဆုံး ကူးစက်တတ်ပါတယ်.... မိတ်ဆွေ ရဲ့ Pen Drive မှာ ဗိုင်းရပ် ရှိနေရင်တော့ ကွန်ပြူတာနဲ့ ချိတ်ဆက် လိုက်တာနဲ့ ကူးစက်ဖို့ လွယ်ကူ သွားမှာပေါ့....တစ်ခါ တစ်လေ ကျရင် My Computer က ကိုယ့် Pen Drive ရဲ့ ပေါ်မှာ Right Click နှိပ်လိုက်တာနဲ့ Explore , Open တို့ ဖြစ်ရမယ့်အစား Autorun , Play တို့ ဖြစ်နေ တတ်တာ ကို သတိပြုမိမှာပေါ့...ဒါဆိုရင်တော့ မိတ်ဆွေ ရဲ့ Pen Drive မှာ ဗိုင်းရပ် ကပ်တယ် ဆိုတာ သေချာပါတယ်.. ဗိုင်းရပ်က Autorun.inf ဆိုတာလေးကို ဖန်တီးထားပြီး စက်မှာ တပ်လိုက် တာနဲ့ အလုပ်လုပ်စေတာပါ...ခု ဒီ Flash-Disinfector ဆိုတဲ့ Freeware လေးက ဗိုင်းရပ်က Create လုပ်မယ့် Autorun.inf ဖိုင်ကို သူက ကြိုဖန်တီး ပြီး ဗိုင်းရပ် ထပ် မလုပ် နိုင်အောင် တားပေးတာပါ ... Download လို့ ရလာတဲ့ ဖိုင်လေးကို မိမိ Pen Drive ကို စက်မှာ တပ်ပြီး Run လိုက်ပါ...Dialog Box လေးကျလာရင် Ok နှိပ်လိုက်ပါ.. Monitor မှာ ခဏ Blank ဖြစ်ပြီး Ok လို့ပေါ်လာပါ လိမ့်မယ်..အဲဒါ ဆို ရင် မိတ်ဆွေ ရဲ့ Pen Drive ကနေ ဗိုင်းရပ် ကူးဖို့ဆိုတာ 100 % မဟုတ်ရင်တောင် ကာကွယ်ပြီး သား ဖြစ်သွား ပါလိမ့် မယ်...
 


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...