Saturday, 14 January 2012

Kaspersky Virus Removal Tool 9.0.0.722

Antivirus Software ကို သတ်မယ့် Virus အန္တရာယ်သတိပေးချက်…။

ကျနော် Kaspersky Virus Removal Tool 9.0.0.722 တင်ပေးလိုက်ပါတယ်။ 1990 ပြည့်နှစ်နောက်ပိုင်းတွေမှာ ကွန်ပျူတာ ဗိုင်းရပ်စ်ပြသနာတွေတော်တော်လေးကို ဆိုးရွားလာတယ်။
ကွန်ပျူတာတွေ စပေါ်လာတုန်းက ပျက်ပြီဆိုရင် Hardware ကြောင့်ဖြစ်တာများပါတယ်။ Hardware
ဆိုတာ ကွန်ပျူတာအတွင်းရှိ စက်ပစ္စည်းများဖြစ်ပါတယ်။ 1990 ပြည့်နှစ်နောက်ပိုင်းတွေမှာကျတော့
Hardware ထုတ်လုပ်မှုအပြိုင်အဆိုင်မြင့်မားလာပြီး..တော်တော်လေးကို အကြမ်းခံနိုင်တာတွေ့လာရပါ
တယ်။နောက်ပိုင်းမှာတော့ ဟက်ဝဲလ်ကြောင့်ပျက်စီးမှုဆိုတာ အတော်လေးနည်းလာပြီး..Virus ကြောင့်
ပျက်စီးမှုတွေ မြင့်တက်လာတာတွေ့ရပါတယ်။ အဖျက်သမားများကလဲ Virus ပေါင်းစုံရေးပြီး..ဘဏ်ငွေ
တွေခိုး..System တွေပျက်စီးအောင် ပြုလုပ်ကြတယ်။နောက်ပိုင်းဘယ်လောက်ထိအောင် Virus ရဲ့အန္တရယ်
ဆိုးလာလဲဆိုရင် Hardware တွေကိုတောင်ပျက်စီးလာစေနိုင်ပါတယ်။ဒါကြောင့် Antivirus Company များ
အနေဖြင့် Virus သတ်တဲ့ Software များကို အပြိုင်အဆိုင်ထုတ်လုပ်လာကြပါတယ်။အချို့က Free အသုံးပြု
ခွင့်ပေးတယ်..အချို့က လိုင်စင်အနေနဲ့ ရောင်းချကြတယ်။ License Version အနေနဲ့နာမည်အရဆုံး
Antivirus ကတော့ Kaspersky Antivirus ဖြစ်သလို အဆင့် ၂ နေရာမှာရပ်တည်နေတယ်။ Free အနေနဲ့
AVG,Avira,Avast,Sysmentec တို့ကတော့ နာမည်အရဆုံးပါ။ ဒီလို Antivirus တွေနဲ့ကာကွယ်နေတဲ့ကြားက
Virus နဲ့ထိုးဖောက်တိုက်ခိုက်မှုတွေကတော့ ဖြစ်ပျက်နေဆဲပါ။ မည့်သည့်ဗိုင်းရပ်စ်မဆို Autorun.inf ဆိုတဲ့ဖိုင်နဲ့
တွဲပြီးအလုပ်လုပ်ကြတယ်။ ဥပမာ HappyBirthday Virus+Autorun.inf ပါ။ Autorun.inf မရှိရင် ဘယ် Virus
ဖိုင်မှအလုပ်မလုပ်နိုင်ကြပါဘူး။

အထူးသဖြင့် 2010 ပြည့်နှစ်နောက်ပိုင်းလောက်မှာ Antivirus Software တွေကို တန်ပြန်တိုက်ခိုက်တဲ့ Virus တွေ ပြန့်နှံလာပါတယ်။ မည်သည့်ကွန်ပျူတာမဆို Antivirus Software တစ်ခုတော့ အမြဲတင်ထားရပါမယ်။
Antivirus Software တွေကို တစ်ခုထက်ပိုမတင်ရပါ..။ Antivirus Software တင်ထားတယ်။ Update လဲဖြစ်နေတဲ့ကြားက Virus ၀င်ရောက်ခံရသောအခါ Antivirus Software ရဲ့လုပ်ဆောင်ချက်တွေကို ရပ်ဆိုင်းမယ့် ဗိုင်းရပ်စ်တွေလဲ ရှိနေပါပြီ.. အသုံးပြုသူရဲ့ပေါ့ဆမှု.သို့မဟုတ် Antivirus Software ရဲ့ Update မဖြစ်မှုကြောင့် ဗိုင်းရပ်စ်ဝင်ရောက်ခံရသော Antivirus လုံးဝအလုပ်မလုပ်တော့တာမျိုးတွေ ကြုံနေကြရပါတယ်။ Virus.virus.Win32.Sality.aa, Virus.virus.Win32.AutoRun.ajga, Win32.Menti.ggnj တို့ဟာ နာမည်ကြီး Kaspersky Antivirus လိုဟာမျိုးကိုတောင်သုံးမရအောင်လုပ်နိုင်သေးတာ..အခြား Antivirus တွေဆိုရင်တော့
ဆိုဖွယ်မရှိတော့ပါ..အင်တာနက်ချိတ်ထားရင် အင်တာနက်ကကူးတယ်.Network ချိတ်ထားရင်တော့ ချိတ်ထားတဲ့ စက်အရေအတွက်လိုက်ကူးကုန်မယ်..ကူးစက်ခံရပြီဆိုရင် Software တော်တော်များများ စက်ထဲကိုသွင်းမရတော့ဘူး.Antivirus Sofware လဲအလုပ်လုံးဝမလုပ်တော့ဘူး.. အချို့သော ဗိုင်းရပ်စ်များဟာ ကူးစက်ဝင်ရောက်ပြီဆိုရင် ကွန်ပျူတာကလေးလံလာမယ်..Windows ကျသွားမယ်။ဒါဟာ သာမန်ဖြစ်ရိုးဖြစ်စဉ်ပါ။ တကယ်လို့  Virus များကတော့ စက်မလေးဘူး..Windows ကျမသွားဘူး.ဒါပေမယ့် ဘယ် Software မှသွင်းမရတာတော့ အသေအချာပါ။ Antivirus Software အလုပ်မလုပ်လို့ ပြန်ဖြူတ်ပြီးတင်ရင်တောင် လုံးဝအလုပ်မလုပ်တော့ပါဘူး..။ဒီတော့ ဘယ်လိုလုပ်ရမလဲ..Windows ဘဲပြန်တင်ရတော့မှာလား..Repair ဘဲလုပ်ရတော့မလား..အဲဒီလိုမျိုးတွေလုပ်ကြည့်တောင်မရစေရဘူး။ကျနော်အာမခံတယ်.အဲလောက်ကိုဆိုးနေတာ...သူငယ်ချင်းတို့ ကပြောကြဦးမယ် “Windows ကို Format ချပြီး ပြန်တင်မယ်” ..အဲလို လုပ်ကြည့်လဲ အလကားဘဲ..အခြား Hard Disk ခွဲထားတဲ့အပိုင်းက နေပြန်ဝင်ပါလိမ့်မယ်။ဟာ..ဒါဖြင့်ကိုယ့်လူရယ်..ဘယ်လိုများသတ်ရမလဲဆိုရင်..
လွယ်ပါတယ်ခင်ဗျာ.ကျွန်တော်အောက်ကပြောတဲ့အတိုင်းသာလုပ်ပေတော့.အားလုံးအိုကေစေရမယ်နော်....
Virus.virus.Win32.Sality.aa,Virus.virus.Win32.AutoRun.ajga,Win32.Menti.ggnj တွေဝင်ရောက်နေပြီဆိုရင်တော့ Software အကြီးစားတွေတင်လို့မရတော့ဘူး..ဥပမာ Microsoft Offic
, Antivirus Software စသဖြင့်ပေါ့ဗျာ .msi ပါတဲ့ဖိုင်တွေ တင်မရတော့ဘူး။ Software ကို Run လိုက်တာနဲ့
Loading လုပ်ပြီး ပြန်ပြုတ်ကျသွားတယ်။ Software အငယ်စားတွေတော့ တင်လို့ရမယ်။ ဂိမ်းတွေတင်လို့ရမယ်။ အဓိက တိုက်ခိုက်တာက Antivirus Software ကိုပါ။ Windows ပြန်တင်လို့လဲမသေ
ဘူးဆိုတော့ ကျနော်တင်ပေးထားထဲ Software တစ်ခုကို လမ်းညွှန်ပြမယ်..ငယ်ပေမယ့် Install လုပ်လို့ရတယ်။
Virus တွေမှန်သမျှလဲနိုင်တယ်။အဲဒါကတော့ Kaspersky Virus Removal Tool ပါ။ ဒီကောင်လေးကို ဒေါင်းလွတ် ချပြီး Install လုပ်ပြီးရင် Scan စစ်လိုတဲ့အပိုင်းကို ရွေးပြီး Scan စစ်လိုက်။ Virus တစ်ကောင်ပြီးတစ်ကောင်ချလာလိပ်မယ် လောကကြီးကိုစိတ်ကုန်သွားလိမ့်မယ်။ သေသေချာချာ Scan စစ်ပါ။ Delete လုပ်ပါ။ Virus တွေသေကုန်ပြီဆိုတာနဲ့ Removal Tool လေးကို ပြန်ဖြုတ်ချလိုက်ပါ။ မိမိနှစ်သက်တဲ့ Antivirus
ကို ပြန်တင်ကြည့်ပါ။ တင်လို့ရတယ်ဆိုရင် Virus သေဘီ။ တင်လို့မရဘူးဆိုရင်ကျန်သေးတယ်ပေါ့ဗျာ။
Virus တွေသေသွားပြီဆိုရင် အချို့သော Software ဖိုင်များသည် ပျက်စီးသွားကြပါတယ်။သေသေချာချာပြန်စစ်
ပြီး..ပြန်တင်ပေါ့ဗျာ။ Registry Cleaner လို Software နဲ့ သန့်ရှင်းရေးလုပ်ပါ။ Antivirus ကို Update လုပ်ပြီး Virus ပြန်စစ်ပါ။ပြီးရင်အားလုံးအိုကေသွားပြီးနော်….။ ကျနော်အောက်မှာဒေါင်းပို့ လည်းပေးထားပါတယ်။ Kaspersky Virus Removal Tool 9.0.0.722 လေးပို့ ဗျာ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...