Thursday, 12 January 2012

Android File Manager အသုံးပြုနည်း...

Android File Manager ဆိုတာ Android OS ဖုန်းတွေမှာ ပါဝင်တဲ့ စနစ်တစ်ခုပဲ ဖြစ်ပါတယ်.. ဖုန်းထဲမှာ ထည့်သွင်း အသုံးပြု ထားတဲ့ Memory Card ထဲကို ရှာဖွေချင်တယ် ဆိုရင်ပဲဖြစ်ဖြစ်၊ ဖုန်းထဲမှာရှိနေတဲ့ ဖိုင်တွေကို ရှာဖွေချင်တယ် ဆိုရင်ပဲဖြစ်ဖြစ် ဒီစနစ်ထဲမှာ ဝင်ရောက် ရှာဖွေရပါတယ်.. ဖုန်းထဲမှာ ရှိနေတဲ့ ဖိုင်တွေကို တစ်နေရာတည်းမှာ စုစည်းပေးထားတဲ့ စနစ်ဆိုရင်လည်း မမှားပါဘူး.. File Manager စနစ်ကို အသုံးပြုမယ် ဆိုရင်တော့ ဖုန်းရဲ့ Screen ပေါ်မှာ Shortcut စနစ်တစ်ခု အနေနဲ့လည်း အသုံးပြုနိုင်သလို ဖုန်းထဲမှာရှိနေတဲ့ Menu ထဲမှာလည်း ဝင်ရောက် ရှာဖွေပြီး အသုံးပြုနိုင်ပါတယ်.. File Manager စနစ်ကို နှိပ်လိုက်မယ် ဆိုရင်တော့ သူ့ရဲ့ Setting တစ်ခု မြင်တွေ့ရမှာ ဖြစ်ပါတယ်.. အဲဒီနေရာမှာတော့ ဖုန်းထဲမှာ ရှိနေတဲ့ မှတ်ဉာဏ်ကို ဘယ်လောက် အသုံးပြုထားတယ် မှတ်ဉာဏ်နေရာလွတ် ဘယ်လောက်ကျန်တယ် ဆိုတာတွေကိုလည်း ဖော်ပြပေးထားတာကို တွေ့ရမှာပါ..
File Manager ထဲမှာတော့ Phone, SD Card နဲ့ Running ဆိုတာတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်.. အချို့ ဖုန်းတွေမှာတော့ ဖုန်းမှတ်ဉာဏ်မပါပဲ SD Card နဲ့ Running ဆိုတဲ့ နှစ်မျိုးပဲ ပါတာမျိုးလည်း ရှိပါတယ်.. ဒီနေရာမှာ ကိုယ်ကဖုန်းရဲ့ မှတ်ဉာဏ်ထဲမှာရှိနေတဲ့ အချက်အလက်တွေ ဖိုင်တွေကိုပဲ ကြည့်ချင်တယ်ဆိုရင် Phone ဆိုတာကို နှိပ်လိုက်ပါ.. Memory SD Card ထဲမှာရှိနေတဲ့ အချက်အလက်နဲ့ ဖိုင်တွေကို ကြည့်ချင်တယ်ဆိုရင် SD Card ကို နှိပ်နိုင်ပြီး ဖုန်းထဲမှာ Run နေတဲ့ Application တွေကို ကြည့်ချင်တယ် ဆိုရင်တော့ Running ကို နှိပ်လို့ရပါတယ်.. ဒီနေရာမှာ နောက်ထပ် အသုံးပြုနိုင်ခြင်းတစ်ခု ရှိနေပါသေးတယ်.. အဲဒါကတော့ File Manager Page ကို မြင်တွေ့နေရချိန်မှာ ဖုန်းရဲ့ အောက်ဖက်မှာရှိနေတဲ့ Menu ကို နှိပ်လိုက်မယ်ဆိုရင်တော့ Cut, Copy, Delete, Compress, Search, More အစရှိတာတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်.. ဒါတွေကလည်း File Manager စနစ်ကို ပိုပြီး ပြည့်ပြည့်စုံစုံ အသုံးပြုနိုင်ဖို့အတွက် အထောက်အကူ ပေးနိုင်ပါတယ်..
File Manager အသုံးပြုနိုင်ခြင်းအတွက် ပထမဆုံးအနေနဲ့ Phone ဆိုတဲ့ နေရာကို လေ့လာကြည့်ကြပါမယ်.. ဒီနေရာမှာတော့ Android OS ရဲ့ ဖိုင်တွေနဲ့ Bluetooth, Call Recorder, DCIM လို့ခေါ်တဲ့ ကင်မရာဓါတ်ပုံဖိုင်၊ Audio လို့ခေါ်တဲ့ Music ဖိုင် အပါအဝင် Android OS စနစ်ထဲမှာ Original Default ပါဝင်တဲ့ ဆော့ဖ်ဝဲတွေရဲ့ ဖိုင်တွေနဲ့ အခြား Office ဖိုင်တွေ ရှိနေပါတယ်.. နောက်ထပ် တစ်နေရာကတော့ SD Card ဆိုတဲ့ နေရာပါပဲ.. ဒီနေရာမှာတော့ ဖိုင်တွေကို ပိုပြီးတော့ များများမြင်တွေ့ရမှာပါ.. ကိုယ့်ဖုန်းထဲကို ထည့်သွင်းထားတဲ့ ဆော့ဖ်ဝဲဖိုင်တွေရော၊ Bluetooth ဖိုင်တွေ၊ Download ဖိုင်တွေ၊ Music ဖိုင်၊ ဓါတ်ပုံဖိုင်၊ Ringtone, Record အစရှိတဲ့ ဖိုင်တွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်.. အပေါ်မှာ ဖော်ပြခဲ့တဲ့ Phone ဆိုတဲ့နေရာနဲ့ SD Card ဆိုတဲ့နေရာ နှစ်ခုစလုံးထဲမှာ ရှိနေတဲ့ Folder တွေကို ဖျက်ချင်တယ်ဆိုရင်လည်း ဖျက်လို့ရတဲ့အပြင်၊ Copy ကူးခြင်း၊ Bookmark ထဲမှာ မှတ်သားခြင်း၊ ဖိုင်နာမည်ပြောင်းလဲခြင်း အစရှိတာတွေကိုလည်း ပြုလုပ်နိုင်ပါတယ်..
ဒါတွေကို ပြုလုပ်ချင်တယ် ဆိုရင်တော့ ကိုယ်အသုံးပြုချင်တဲ့ Folder တစ်ခုကို လက်နဲ့ ဖိထားလိုက်ပါ...ဒါဆိုရင် Delete, Copy, Bookmark အစရှိတာတွေ ပါဝင်တဲ့ ဘားတစ်ခုကို မြင်တွေ့ရမှာ ဖြစ်ပါတယ်.. အဲဒီထဲမှာမှ ကိုယ်အသုံးပြုချင်တဲ့၊ ပြုလုပ်ချင်တဲ့ဟာကို နှိပ်လိုက်လို့ ရပါတယ်.. ဒါက Phone နဲ့ SD Card ဆိုတဲ့နေရာ နှစ်စလုံးမှာ အသုံးပြုနိုင်ပါတယ်.. နောက်ထပ် ကျန်ရှိတာကတော့ Running ဆိုတဲ့နေရာပါ.. File Manager ထဲမှာ ရှာဖွေတွေ့ရှိနိုင်တဲ့ စနစ်တစ်ခုပါ။ Running ဆိုတဲ့ စနစ်ထဲမှာတော့ ဖုန်းထဲမှာရှိနေတဲ့ ထည့်သွင်းထားတဲ့ ဆော့ဖ်ဝဲတွေနဲ့ ဖုန်းထဲမှာ Run နေတဲ့ Application တွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်..

ကိုခင်မောင်စိုးမှ....

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...