Friday 12 August 2011

ကျနော်တို့ ဖွင့်ချင်တဲ့ software တွေကို mouse မသုံးပဲဖွင့်ကြရအောင်...

ပထမဆုံးအနေနဲ့ကိုယ်ဖွင့်ချင်တဲ့ software ကို right click နှိပ်ပြီး properties ကိုသွားပါ...
properties ကို နှိပ်လိုက်ရင် properties box လေးတက်လာပါလိမ့်မယ်..shortcut  ခေါင်းစဉ်ရဲ့အောက်မှာ shortcut key ကိုတွေ့တယ် မလား... အဲဒီမှာ မလုပ်ထားသေးရင်တော့ None ဆိုလို့ပဲရှိနေလိမ့်မယ် .... ပြောင်းလိုက်မှာပေါ့ဗျာ...ပြောင်းတယ်ဆိုတာ ...Ctrl,Alt,Shift, တစ်မျိုးမျိုးကို နိပ်လိုက်ရုံနဲ့  Ctrl+Alt+က အဆင်သင့်ရှိနေလိမ့်မယ် အဲ့ခါကျရင် မိမိကြိုက်တဲ့ အင်္ဂလိပ်စကားလုံး တစ်လုံးလုံးကို ရွေးလိုက်ပါ ....ခု ကျနော် ဖွင့်နေတာ က yahoo messenger လေ အဲဒါကြောင့် y လို့ပဲ ရိုက်လိုက်တယ် .....ဒါမှမှတ်မိမှာကိုး အများကြီးလုပ်ထားတော့ software ကို မှတ်မိလွယ်အောင်ပါ....
 ပြီးပြီ ဆိုရင်တော့ apply ok နှိပ်ပြီး ပိတ်လိုက်ပါ...ပြီးရင် ခုနက ကျနော်တို့ ထည့်ထားတဲ့ shortcut key လေးကိုပြန်နှိပ်ကြည့်ပါ...yahoo messenger ပွင့်လာပါလိမ့်မယ်...
အဆင်ပြေကြပါစေ...
ခင်မင်စွာဖြင့်..
နေမခကြယ်...

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...