Wednesday 3 August 2011

ဒီလိုမျိုးတော့ ဘယ်ဖြစ်ချင်မလဲနော်....

ကျနော် ကြည့်ခဲ့ဖူးတဲ့ video လေးထဲက အကြောင်းလေးပါ....video ဆိုပေမဲ့ ဘာဇာတ်ကောင်မှ မပါ ပါဘူး...စာသားလေးတွေပဲပါတာပါ.....တော်တော်လေးလဲ သတိတရားရ စရာလေးပါ....ဘယ်လိုလေးလဲဆိုတော့..
ကောင်လေး နဲ့ ကောင်မလေး က ချစ်သူတွေပေါ့....ဒါပေမဲ့ ကောင်လေးက သူ့ချစ်သူ ကောင်မလေးပေါ်မှာ ဂရုမစိုက်ဘူး...သူ့လုပ်ချင်တာပဲ သူလုပ်နေတာလေ...
အတ္တ ကြီးတယ်လို့ပဲပြောရတော့မှာပေါ့နော်.....ကောင်မလေးက သူ့ဆီကို ဖုန်းဆက်လဲ မကိုင်ဘူး..
message ပို့တော့လဲ ပြန်ပြီး reply မလုပ်ဘူး....အဲလိုပဲနေလာကြတာ လ နည်းနည်းကြာလာတော့ ကောင်လေးက ကောင်မလေး ကို သတိတွေရလာတာပေါ့...ကောင်မလေး မနက်မနက် ပို့ပေးတဲ့ message ဖြစ်တဲ့ good morning dear ညဘက်တွေမှာ ပို့ပေးတဲ့ good night dear တွေကို သတိရလာတယ်...သူ ကိုယ်တိုင်လဲ သူ ကောင်မလေးကို လက်မလွှတ် ချင်အောင် ချစ်နေတယ်ဆိုတာလဲ သိသွားတယ်...ဒါပေမဲ့...
တရက်ကြတော့ ကောင်မလေးက သူ့ဆီကို ဖုန်းဆက်ပြီး တောင်းပန်တယ်...သူ့မှာ နောက်ထပ် အသစ်တယောက်ရနေကြောင်း နဲ့ သူ့ကို ခွင့်လွှတ်ပေးဖို့ပြောလာတယ်...ကောင်လေး သူ့ကို ဂရုမစိုက်တဲ့ အချိန်တွေမှာ ကောင်မလေးက နောက်တယောက် ရသွားတယ်လေ...ကောင်လေး အရမ်းဝမ်းနည်းသွားတယ်..ဘာလို့လဲဆိုတော့ သူကောင်မလေးကို မစွန့်လွှတ် နိုင်အောင် ချစ်နေပြီဆိုတာ သူသိတဲ့ အချိန်ကြတော့ကောင်မလေးမှာ အသစ်ရနေပြီလေ...သူ့ကိုယ်သူလဲ သူအရင် အချိန်တွေတုန်းကအတ္တ ကြီးခဲ့မှန်းသိသွားတယ်...ဒါပေမဲ့ သူ သူ့ကိုယ်သူ သိလိုက်တဲ့ အချိန်က အရမ်းနောက်ကျသွားပြီလေ...သူ့အတ္တစိတ်ကြောင့် သူအရမ်းချစ်တဲ့သူကို လက်လွှတ်လိုက်ရပြီလေ...
ကဲ..ကျနော်တို့လဲ ကိုယ့်အတ္တ စိတ်လေးကို နည်းနည်းဖြစ်ဖြစ် ချိုးနှိမ်ပြီး ကိုယ်ချစ်တဲ့သူကို မဆုံးရှုံးရအောင် ကိုယ့်ကောင်မလေးအတွက် အချိန်ပေးလိုက်ကြရအောင်ဗျာ...
ခင်မင်စွာဖြင့်
နေမခကြယ်...

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...